ChatBox

ဝမ်းနည်းမှာလား

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။
ဒါကို"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက်
ဝမ်းနည်းပက်လက်ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။
အသည်းကွဲသူက "ကျွန်တော့်ချစ်သူ
ကျွန်တော့်ကိုထားသွားလို့အရမ်း
ခံစားရနေတယ်" လို့ ပြန်ဖြေတယ်။
သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးကတဟားဟား အော်ရယ်ပြီး "မင်း
တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။
အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို
ဒေါသဖြစ်ပြီး"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို
မနှစ်သိမ့်တဲ့အပြင်ရီနေရသလား" လို့ ပြောတော့
"မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာမလိုဘူး။ ၀မ်းနည်းရမှာက
မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့လူတစ်ယောက်ကိုပဲ
မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကိုဆုံးရှုံးတဲ့အပြင်
လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ဆိုကရေးတီးက
ပြန်ဖြေခဲ့တယ်။

ယောက်ျားနဲ့မိန်းမ

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။
ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။
မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး
ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု
ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ
ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင်
ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး
အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး
မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ
ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို
စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည်
ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု
ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင်
စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း
ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်
ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး
ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး
ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း
မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း
မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း
ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင်
အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့်
မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏
ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

ငါဘယ်သူလဲသိချင်ရင်ဖတ်ပေါ့

http://online မှ အခင်ရဆုံး သူငယ်ချင်း များထံသို့ ပို့စာ သင်ဆုံးအောင်ဖတ်ပါ မကြိုက်ရင်သိမ်းထား .................. ကြိုက်ရင်ထပ်မဖတ်နဲရူးသွားလိမ့်မယ်........... အမည်....နတ်လူမူန်း မွေရပ်....တလင်းပြင် ဆွေမျိုး....မရှိ ( တခြမ်းကြွက် ) မိန်မ...... ရှိတယ် (အရင်ဘဝ....မင်တုန်းမင်းဘဝက... အခုရှာနေတုန်း ) အသည်းနလုံး.....ပိုက်ဆံမရှိလို့ရောင်းစားလိုက်ပြီ တကျပ်ခွဲနဲ အရပ်အမောင်း.......လူရွင်တော် ချစ်စရာနဲကွက်တိ ကိုယ်အလေးချိန်......ဗီယာနန်ဝက် ၃နစ်သား နဲအချိန်တူ ရူပကါ....ပန်ချီဆရာငို ( ရူပ်ဆိုးလွန်းအားကြီးလို့ ) ပညာရ ည်ချင်း.....ဘုန်ကြီးကျောင်းနား ( အထဲမရောက်ခဲ့လို့ ) အားကစား....... ထုတ်ဆီးထိုး ဝါသနာ..........မိန့်မရှာ online ပေါ်မှာ ( မရမှန်သိလို ) ( လိမ်ကြမှန်သိလို့ ) အကြိုက်ဆုံးအစား...ငပိရည် (တခြားဝယ်မှမစားနိုင်တာ ) ချစ်ဆုံးနဲကြိက်ဆုံးလူ... ဘုန်ကြီး ( ဒေါ်စု ) မုန်းဆုံးလူ.....သန်းရွှေ နဲ အပေါင်းပါ ( စစ်သားအါးလုံးမဟုတ် ) အကြိုက်ဆုံစာရေဆရာနဲစာအုတ်...သေလွန်ပြီးလူနဲ မထွက်သေး သောစာအုတ်များ အကြိုက်ဆုံးသရုပ်ဆောင်နဲအဆိုတော်......သေလွန်ပြီးသောလူ နဲမမွေးသေးသောလူများ ကိုးကွယ်သိဘာသာ.....နတ်ပြည်အရင်ရောက်မည့်ဘာသာ မကြိုက်ဆုံးဘာသာ....ငရဲပြည်ပို့မည့်ဘာသာ အကြိုက်ဆုံးအရောင်.....မမြင်ရသော colour မကြိုက်ဆုံးသောအသုံးအဆောင်....ပိုက်ဆံ ( ဆင်းရဲလို့ ....လူ တွေကို တရားမဲ့အောင်လုပ်လို့ ) အကြိက်ဆုံးသောအသုံးအဆောင်...ပတီး ( စိတ်ပတီး..ဖြစ်နိုင်ရင် သမထလေးဘာလေး ) တော်ပြီ မျက်လုံးတွေညောင်းလာပြီ keyboard နဲရေးဒါဟုတ်ဘူး mouse control နဲရေးရဒါ ပိုသိချင်ရင်ဝယ်ဖတ် ( ဘိတကတ် ၃ ပုံ ) ဝယ်မဖတ် နိုင်ရင် ဖုန်းဆက် ....( ၉၁၁ ) စာရေသူ..........နတ်လူမူန်း ဆက်သွယ်ရန်.........no.( နတ်ပြည်) ( နိတ်ဗန် ) လမ်း ငရဲပြဲရပ်ကွက် မလေးရှားနိင်ငံ ရေးသားချိန်.... စိတ်ထဲရှိတဲ့အချိန် ပြီးဆုံးချိန်......mouse countrol နဲ့လက်နဲ့လွတ်လိုက်သည့်ချိန် ဘိုင် ဘိုင် ( တတာ )ချဲရိယို

အကြံပိုင်သောသူခိုး

ယမန်နေ့ညက ဖောက်ထွင်းခံရသော ဘဏ်တစ်ခုမှ ၀န်ထမ်းနှစ်ဦး လက်ဖက်ရည်ဆိုင်တွင် ခေါင်းချင်းရိုက်နေကြသည်။
ပထမလူ ။ ။ ငါတော့ အံ့သြလို့ မဆုံးဘူးဟေ့။ သူခိုးက မီးခံသေတ္တာတွေထဲက စိန် ၊ ရွှေ ၊ ငွေ ၊ ရတနာပစ္စည်းတွေအပြင် ဘာကြောင့်များ ဘဏ်မန်နေဂျာကြီးရဲ့ မိန်းမကြီးကိုပါ ခိုးသွားတာလဲ မသိဘူးနော်။
ဒုတိယလူ ။ ။ မင်းကလည်း... တော်တော် အ, တာပဲကွာ။ သူ့ကို ဘဏ်မန်နေဂျာကြီး လိုက်မရှာအောင်လို့ပေါ့ကွ။ ဘဏ်မန်နေဂျာကြီးက သူ့မိန်းမကြီးနဲ့ မပေါင်းချင်တော့ဘူး အော်နေတာ ကြာပြီလေ။

ဟာသလေးပါ

တခါတုန်းကမိသားစုတစ်စုရှိတယ်.ယောကျာ်းရယ် မိန်မရယ် သူတို့ရဲ.ကလေးတွေပေါ့.....ယောကျာ်း နဲ့ မိန်မ တိုင်ပင်တယ် "ငါတို့မှာ ကလေးတွေကြီးနေပြီဆိုတော့ သတိထားရတော့မယ် နောက်ဆိုရင် မင်းနဲ့ငါ အိပ်မယ်ဆိုရင် အ၀တ်လျှော်မယ်လို့ပြေားမယ်" ယောကျာ်း ဒီလိုပြေားတော့ မိန်မ က သ ဘော တူတယ်၊
ဒီလိုနဲ့နေလာလိုက်တာ တနေ့တော့ .ယောကျာ်းက က လေးတွေရှိတော့ " မိန်မရေ ဒို့တွေ အ၀တ်လျှော် ရ
အောင် " လို့ပြေားလိုက်တယ် ။ မိန်မ က မအိပ်ချင်တော့ " အ၀တ်လျှော်စက်ပြက်နေတယ် ယောကျာ်းရေ " လို့ ပြန်ပြေားလိုက်တယ် ဒါကိုယောကျာ်းက တင်းသွား သတဲ့ ဘားမှပြန် မ ပြေားပဲ မှတ်ထားလိုက် သတဲ့ .. . နောက်တစ်နေ့ ကြတော့ မိန်မ က သူလဲအိပ်ချင် သူ့ယောကျာ်းဒေါးကန်နေမှန်းလဲသိတော့ " ယောကျာ်းရေ အ၀တ်လျှော်မယ် ဆို အ၀တ်လျှော်စက် ကောင်းသွားပြီလေ " လို့ပြေားလိုက်တယ်.. အဲဒီမှာ ယောကျာ်း က ဘာပြေားလိုက်လဲဆိုတော့ " နေပေ့စေ ငါ့လက်နဲ့ငါလျှော်လိုက်ပီ " လို့ ပြန်ပြေားလိုက်သတဲ့ ..

အော် မိန်းမ. မိန်းမ.. မိန်းမ

တနည်းပြောရလျှင်

စကားက

ကျီးအာသိးအသွင်နှင့်

အဆင်းလှပေမယ့်

အချင်းကတော့

မသဒီစရာ

မုသားကိုသစ္စဖုံး

အပြုံးများဖြင့်ပလီ

နှလုံးသားကတော့

မတည်ကြည်နိုင်

သူတို့သိသော

အဘိဓမ္မာကျမ်းတွင်

ချစ်ခြင်းဟူသည်

စိတ်ကူးယဉ်အိမ်မက်

ငွေသာဘဝ

ဂုဏ်သာအဓိက

လှပသလောက်

ကြောက်စရာကောင်းပါတဲ့

အော် မိန်းမ. မိန်းမ.. မိန်းမ........