ChatBox

အကြံပိုင်သောသူခိုး

ယမန်နေ့ညက ဖောက်ထွင်းခံရသော ဘဏ်တစ်ခုမှ ၀န်ထမ်းနှစ်ဦး လက်ဖက်ရည်ဆိုင်တွင် ခေါင်းချင်းရိုက်နေကြသည်။
ပထမလူ ။ ။ ငါတော့ အံ့သြလို့ မဆုံးဘူးဟေ့။ သူခိုးက မီးခံသေတ္တာတွေထဲက စိန် ၊ ရွှေ ၊ ငွေ ၊ ရတနာပစ္စည်းတွေအပြင် ဘာကြောင့်များ ဘဏ်မန်နေဂျာကြီးရဲ့ မိန်းမကြီးကိုပါ ခိုးသွားတာလဲ မသိဘူးနော်။
ဒုတိယလူ ။ ။ မင်းကလည်း... တော်တော် အ, တာပဲကွာ။ သူ့ကို ဘဏ်မန်နေဂျာကြီး လိုက်မရှာအောင်လို့ပေါ့ကွ။ ဘဏ်မန်နေဂျာကြီးက သူ့မိန်းမကြီးနဲ့ မပေါင်းချင်တော့ဘူး အော်နေတာ ကြာပြီလေ။