ChatBox

ဝမ်းနည်းမှာလား

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ဒါကို"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက်ဝမ်းနည်းပက်လက်ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။အသည်းကွဲသူက "ကျွန်တော့်ချစ်သူကျွန်တော့်ကိုထားသွားလို့အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးကတဟားဟား အော်ရယ်ပြီး "မင်းတော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကိုဒေါသဖြစ်ပြီး"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကိုမနှစ်သိမ့်တဲ့အပြင်ရီနေရသလား" လို့ ပြောတော့"မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာမလိုဘူး။ ၀မ်းနည်းရမှာကမင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့လူတစ်ယောက်ကိုပဲမင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကိုဆုံးရှုံးတဲ့အပြင်လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ဆိုကရေးတီးကပြန်ဖြေခဲ့တ...

ယောက်ျားနဲ့မိန်းမ

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီးယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟုယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင်ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။ မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီးယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီးယောက်ျားလေးများ ထွက်ပေါက်ရှာလျှင်...

ငါဘယ်သူလဲသိချင်ရင်ဖတ်ပေါ့

http://online မှ အခင်ရဆုံး သူငယ်ချင်း များထံသို့ ပို့စာ သင်ဆုံးအောင်ဖတ်ပါ မကြိုက်ရင်သိမ်းထား .................. ကြိုက်ရင်ထပ်မဖတ်နဲရူးသွားလိမ့်မယ်........... အမည်....နတ်လူမူန်း မွေရပ်....တလင်းပြင် ဆွေမျိုး....မရှိ ( တခြမ်းကြွက် ) မိန်မ...... ရှိတယ် (အရင်ဘဝ....မင်တုန်းမင်းဘဝက... အခုရှာနေတုန်း ) အသည်းနလုံး.....ပိုက်ဆံမရှိလို့ရောင်းစားလိုက်ပြီ တကျပ်ခွဲနဲ အရပ်အမောင်း.......လူရွင်တော် ချစ်စရာနဲကွက်တိ ကိုယ်အလေးချိန်......ဗီယာနန်ဝက် ၃နစ်သား နဲအချိန်တူ ရူပကါ....ပန်ချီဆရာငို ( ရူပ်ဆိုးလွန်းအားကြီးလို့ ) ပညာရ ည်ချင်း.....ဘုန်ကြီးကျောင်းနား ( အထဲမရောက်ခဲ့လို့ ) အားကစား....... ထုတ်ဆီးထိုး ဝါသနာ..........မိန့်မရှာ online ပေါ်မှာ ( မရမှန်သိလို ) ( လိမ်ကြမှန်သိလို့ ) အကြိုက်ဆုံးအစား...ငပိရည် (တခြားဝယ်မှမစားနိုင်တာ ) ချစ်ဆုံးနဲကြိက်ဆုံးလူ... ဘုန်ကြီး ( ဒေါ်စု ) မုန်းဆုံးလူ.....သန်းရွှေ နဲ အပေါင်းပါ ( စစ်သားအါးလုံးမဟုတ်...

အကြံပိုင်သောသူခိုး

ယမန်နေ့ညက ဖောက်ထွင်းခံရသော ဘဏ်တစ်ခုမှ ၀န်ထမ်းနှစ်ဦး လက်ဖက်ရည်ဆိုင်တွင် ခေါင်းချင်းရိုက်နေကြသည်။ပထမလူ ။ ။ ငါတော့ အံ့သြလို့ မဆုံးဘူးဟေ့။ သူခိုးက မီးခံသေတ္တာတွေထဲက စိန် ၊ ရွှေ ၊ ငွေ ၊ ရတနာပစ္စည်းတွေအပြင် ဘာကြောင့်များ ဘဏ်မန်နေဂျာကြီးရဲ့ မိန်းမကြီးကိုပါ ခိုးသွားတာလဲ မသိဘူးနော်။ဒုတိယလူ ။ ။ မင်းကလည်း... တော်တော် အ, တာပဲကွာ။ သူ့ကို ဘဏ်မန်နေဂျာကြီး လိုက်မရှာအောင်လို့ပေါ့ကွ။ ဘဏ်မန်နေဂျာကြီးက သူ့မိန်းမကြီးနဲ့ မပေါင်းချင်တော့ဘူး အော်နေတာ ကြာပြီ...

ဟာသလေးပါ

တခါတုန်းကမိသားစုတစ်စုရှိတယ်.ယောကျာ်းရယ် မိန်မရယ် သူတို့ရဲ.ကလေးတွေပေါ့.....ယောကျာ်း နဲ့ မိန်မ တိုင်ပင်တယ် "ငါတို့မှာ ကလေးတွေကြီးနေပြီဆိုတော့ သတိထားရတော့မယ် နောက်ဆိုရင် မင်းနဲ့ငါ အိပ်မယ်ဆိုရင် အ၀တ်လျှော်မယ်လို့ပြေားမယ်" ယောကျာ်း ဒီလိုပြေားတော့ မိန်မ က သ ဘော တူတယ်၊ဒီလိုနဲ့နေလာလိုက်တာ တနေ့တော့ .ယောကျာ်းက က လေးတွေရှိတော့ " မိန်မရေ ဒို့တွေ အ၀တ်လျှော် ရအောင် " လို့ပြေားလိုက်တယ် ။ မိန်မ က မအိပ်ချင်တော့ " အ၀တ်လျှော်စက်ပြက်နေတယ် ယောကျာ်းရေ " လို့ ပြန်ပြေားလိုက်တယ် ဒါကိုယောကျာ်းက တင်းသွား သတဲ့ ဘားမှပြန် မ ပြေားပဲ မှတ်ထားလိုက် သတဲ့ .. . နောက်တစ်နေ့ ကြတော့ မိန်မ က သူလဲအိပ်ချင် သူ့ယောကျာ်းဒေါးကန်နေမှန်းလဲသိတော့ " ယောကျာ်းရေ အ၀တ်လျှော်မယ် ဆို အ၀တ်လျှော်စက် ကောင်းသွားပြီလေ " လို့ပြေားလိုက်တယ်.. အဲဒီမှာ ယောကျာ်း က ဘာပြေားလိုက်လဲဆိုတော့ " နေပေ့စေ ငါ့လက်နဲ့ငါလျှော်လိုက်ပီ " လို့ ပြန်ပြေားလိုက်သတဲ့...

အော် မိန်းမ. မိန်းမ.. မိန်းမ

တနည်းပြောရလျှင်စကားကကျီးအာသိးအသွင်နှင့်အဆင်းလှပေမယ့်အချင်းကတော့မသဒီစရာမုသားကိုသစ္စဖုံးအပြုံးများဖြင့်ပလီနှလုံးသားကတော့မတည်ကြည်နိုင်သူတို့သိသောအဘိဓမ္မာကျမ်းတွင်ချစ်ခြင်းဟူသည်စိတ်ကူးယဉ်အိမ်မက်ငွေသာဘ၀ဂုဏ်သာအဓိကလှပသလောက်ကြောက်စရာကောင်းပါတဲ့အော် မိန်းမ. မိန်းမ.. မိန်းမ........

>>''အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင် အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သောဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။>>"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြော တော့ မည် မဟုတ်ဟု ကျွန်မတွေးမိသည်။>>>...

သက်မဲ့ပစ္စည်းတွေလောက်တော့ပျင်းတာပေါ့

တခါက အာဆီယံညီလာခံအပြီးမှာ စင်္ကာပူဝန်ကြီးချူပ်ရယ်.. မလေးဝန်ကြီးချုပ်ရယ်.. ကျွန်တော်တို့မြန်မာဝန်ကြီးချုပ်ရယ် စင်္ကာပူမြစ်ပေါ်မှာ အပန်းဖြေရင်း..စင်္ကာပူဝန်ကြီးချုပ်က မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို ချောကလက်တွေကျွေး တယ်. ပြီးတော့ သူကမေးတယ်၊ ဘယ်လိုလဲ.. စားလို့ကောင်းလားတော့မေးတော့ မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကအရမ်းအရသာရှိတာပဲ.. စားလို့ ကောင်းတယ်လို့ပြန်ဖြေတယ်.. အဲဒီအချိန်မှာ စင်္ကာပူဝန်ကြီးချူပ်က ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီချောကလက်တွေကို မြစ်ထဲပစ်ချလိုက်တယ်.. အဲတော့ မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကပြောတာပေါ့.. နှမျောစရာကြီး..ဒီလောက်ကောင်း တာကို ဘာလို့လွှတ်ပစ်လိုက်တာလဲမေးတော့ စင်္ကာပူဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ချောကလက်တွေမှ အများ ကြီးပဲလို့ပြန်ဖြေတယ်..ဒါနဲ့မလေးဝန်ကြီးကလည်း အားကျမခံ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို သူတို့နိုင်ငံက ဒိန်ခဲတွေကျွေးပြန်ကော.....

ကောင်မလေးတစ်ယောက်အကြောင်း

ဟိုးရှေးရှေးတုန်းက ကောင်လေးတယောက်ရှိတယ်။ အဲဒီကောင်လေးက အထက်တန်ကျောင်းသားဆိုတော့ မနက်ကျောင်းသွား၊ နေ့လည်ဆို ကျူရှင်တက်၊ ညဘက်ဆို(၈)နာရီ၊ (၉)နာရီလောက်မှ အိမ်ပြန်လာရတယ်။ တနေ့ ညဘက် သူကျူရှင်က အပြန်လမ်းထိပ်က ဗံဒါပင်အောက်က အုတ်ခုံလေးမှာ ကောင်မလေးတယောက်ထိုင်နေတာကိုတွေ့ရတယ်။ ကောင်လေးက ဂရုမစိုက်ပဲ လမ်းထဲဆက်ဝင် လာတယ်။ ကောင်မလေးက သူ့ကိုရုတ်တရက် သူ့ကိုလှမ်းခေါ်လိုက်တော့ ကောင်လေးလည်း ကြောင်ပြီးတော့ ရပ်လိုက်တယ်။ ကောင်မ လေးက သူ့အနားလာပြီး တောင်းပန်တိုးလျှိုတဲ့ အသံနဲ့ "ငါကိုတခုလောက်ကူညီပါလားဟာ.. ငါအရမ်းဗိုက်ဆာနေတယ်တဲ့".. ကောင်လေး ကောင်မလေးကို တချက်အကဲခတ်ကြည့် တော့ ပုံစံကသန့်သန့်ပြန့်ပြန့်နဲ့၊ ရုပ်ကလေးကလည်း ခပ်ချောချောလေး၊ အသက်လည်းရွယ်တူ လောက်ဆိုတော့ ကောင်လေး ခပ်ရှိန်းရှိန်းဖြစ်သွားတယ်။ နောက်တော့မှ ကူညီလိုက်မယ်လို့ စဉ်းစားပြီး ပိုက်ဆံအိတ်ထဲက (၅၀၀)တန် တရွက်ထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူပဲ ခေါင်းငုံပြီးရပ်နေတော့...

USB မှဗိုင်းရပ်စ် ကင်းဝေးစေရေး

USB တပ်လိုက်တာ ကွန်ပျူတာကို ဗိုင်းရပ်ကဒုက္ခပေးတက်ပါတယ်။ဘာလို့လည်းဆိုတော့ကျွန်တော်တို့က Autoplay ကိုဖြုတ်မထားလို့ပါ။USB တပ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာကိုတန်းဝင်နိုင်ပါတယ်။ဒါကြောင့် USB ကို virus အရင်စစ်သင့်ပါတယ်။ပြီးမှဖွင့်သင့်ပါတယ်။Autoplay ဖြုတ်နည်းလေးကတော့Run >>gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ Group Policy box ကျလာပါ့မယ်။အဲဒီမှာ Cmputer configuration ရယ် User configuration ဆိုပြီးတွေ့ပါလိမ့်မယ်။(၁) Computer configuration >>administrative templates >>system သွားပါ။System ကို click ပေးလိုက်ရင် ညာဖက်မှာ turn off autoplay ဆိုတာကိုDouble click ပေးလိုက်ပါ။ enable >>apply>> ok.(၂) user configuration >> administrative templates >>system သွားပါ။System ကို click ပေးလိုက်ရင် ညာဖက်မှာ turn off autoplay ဆိုတာကိုDouble click ပေးလိုက်ပါ။ enable >>apply>>...

Cbox မှာနောက်ခံပုံလေးတွေထည့်ချင်ရင်

ပထမဆုံးလုပ်ရမှာက ကိုယ်တင်မဲ့ပုံကို picture manager နဲ့ width တို့ height တို့ကိုCbox size နဲ့ချိန်ပေးပါ။ edit picture နဲ့လုပ်လို့ရပါတယ်။ပြီးရင် ပုံကို http://img1.uploadhouse.com မှာတင်လိုက်ပါ။ အဲဒီမှာ image URL ကို copy လုပ်ပါ။ပြီးရင် wp-content>>themes>>your themes>>style.css မှာ ဒီဟာလေးထည့်လိုက်ပါ။ကျွန်တော်ကတော့ ဇော်ဂျီ font ကြေငြာထားတာလေးရဲ့အပေါ်မှာပဲထည့်လိုက်တာပါ။#cboxmain{background:url(http://img1.uploadhouse.com/fileuploads/2585/25855415cf78817d84d27812aa6517040c24b38.png) no-repeat;}#cboxform{background:url(http://img1.uploadhouse.com/fileuploads/2585/25855415cf78817d84d27812aa6517040c24b38.png) no-repeat;}ထည့်ပြီးရင်တော့ ကိုယ့် Cbox ကိုပြင်ရပါ့မယ်။ Cbox ထဲကို Login ၀င်ပါ. Color & Fonts ဆိုတာကို သွားပါ. ပြီးရင် Main BG နဲ့ Alt BG ကို Blank ထားလိုက်ပါ. Apply Button...

ကရင်အပစ်အခတ်ရပ်အဖွဲ့များကေအန်ယူနှင့်လာရောက်ပူးပေါင်း

ဘုရားသုံးဆူအခြေစိုက် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ကေပီအက်ဖ်) ၏ အမှတ် (၃) တပ်ရင်းမှူးအပါအဝင် အဖွဲ့ဝင်အချို့နှင့် နယ်စပ်အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် (၁၂) ဦးတို့သည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထံ ပြီးခဲ့သည့်နှစ်ရက်က လာရောက် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။ကေပီအက်ဖ် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောလေးဝါးနှင့် အဖွဲ့ဝင် (၈) ဦးတို့က ဇူလိုင် (၈) ရက် ည (၇) နာရီခွဲအချိန်၌ ဇမိချောင်းရှိ ၎င်းတို့၏ လှေဂိတ်အခွန်ဂိတ် သက်ကယ်ဂိတ်မှတဆင့် ကေအန်ယူ လက်အောက်ရှိ ကေအန်အယ်လ်အေ တပ်မဟာ (၆) သို့ လက်နက်အပြည့်အစုံဖြင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ကေအန်ယူနှင့် နီးစပ်သည့် စီးပွားရေးသမားတဦးက ပြောသည်။ကေပီအက်ဖ်အဖွဲ့မှ ထိုသို့သွားရောက်ပူးပေါင်းပြီး နောက်တနာရီဝန်းကျင်တွင် ဒီကေဘီအေ အမှတ် (၉၀၁) တပ်ရင်းမှ ဗိုလ်ကြီး အေဝမ်းအဖွဲ့မှ မဲကသာရှိ ကေအန်ယူ ကင်းစခန်းရှိရာသို့ လက်နက်ကြီးများဖြင့်...

Pages 51234 »