ChatBox

The lettering for Karen Traditional Wrist tying

Good morning ladies and gentlemen. Today is the day we celerate the Karen Traditional Wrist tying in Chinese Assembly Hall, Kuala Lumpur for the first time. I am very happy as I have a chance to deliver a short speech in this occasion.
Before addressing about the history of Wrist tying, I would like to mention, where and how the Karen tries descended. The Karen Race descended from Babylon to Burma by the year of BC-2234, through out the journey to Burma. They were passing through Mongolia. Takistan and Yunnan and settled in Burma BC 1125. From Yunan to Burma in the year of BC 741 and settled Burma BC 739. as a second group. In their long journey. experiencing with the various natural calamities such as eruption of volcano, the tempest storm wild forest fire. heavy flood and soon.
Bassing on the incredile calamities that they faced, they started worrying and suspected that all the disasters were created by evil spirit, the demons. In order to prevent from all there unwanted calamities. they began to call upon the Holy Spirit to dwell in their bodies through out their lives. So as to prevent from the demons away from the people, they used to make wrist tying.
As sign or an indication our forefather left as an inheritance for us. By tying a person's Wrist with white cotton threat, the Holy Spirit come and dwell in him and protect him from the evil ghost. And in this celevration, remind us to reflet the day of our departure from Balylon.
There are 7 types of Wrist tying
1. For the new born baby.
2.In the marriage ceremony.
3. Before a long journey and return from journey.
4. When physically unwell.
5. When a person is frighten.
6.After the funeral service.
7 In every August
We need to cherist our loveing Karen Traditional wrist tying generation by generation.
Our forefathers who lead us from Yunnan are
1. (Phoo Tot Mae Par)
2. (Phoo Ka Sount Mae Par)
3. (Phoo Ta Kae)
4. (Phoo Kyar Pon)
5. (Pho La Young Hae)
6. (Phoo Maung Tot)
7. (Phoo Phar Theint)
8. (Phoo Ka Ton)
9. (Phoo Pa La Thu Laung)
May I conclude my word by saying that we will contribute to improve the pure and loving Karen Traditional Wrist tying like this every year in coming future. (Aaw Soun Lar Size) be free from hatred and anger and may you be peaceful everyday.
Thank you for your participation.
WRITE THE PART OF THE POST YOU WANT TO HIDE HERE

ကရင့်ချည်ဖြူဖွဲ့မင်္ဂလာကျင်းပရေးကော်မတီ ဥက္ကဌ ရဲ့မိန့်ခွန်း

ယနေ့ကရင်သက္ကရစ်(2748) ခုနှစ် ၀ါခေါင်လပြည့်နေ့မှာ မလေးရှားရောက်ကရင်အမျိုးသားများစုပေါင်း
ဆင်နွဲကြတဲ့ကရင်အမျိုးသားချည်ဖြူဖွဲ့အခမ်းအနားမှာကြွရောက်ချီးမြှင့်အားပေးကြတဲ့ကရင်အမျိုးသားအ
ပေါင်းနှင့်တကွညီအကိုတိုင်းရင်းသားကိုယ်စားလှယ်များ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များအားအထူး
ကျေးဇူးတင်းရှိပါကြောင်းပြောကြားလိုပါတယ်။

ကရင်အမျိုးသားအပေါင်းနှင့်တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျာယနေ့ကမ္ဘာမှာနေထိုင်လှုပ်ရှားနေ
ကြတဲ့လူမျိုးတိုင်းလူမျိုးတိုင်းမှာသူ့ယဉ်ကျေမှုနှင့်သူအသီးသီးရှိကြပါတယ်တစ်ချို့လူ့ယဉ်ကျေးမှုတိုးတက်
နေတဲ့အင်အားစုများတဲ့လူမျိုးရဲ့ယဉ်ကျေးမှုကလူနည်းစုတို့ရဲ့ယဉ်ကျေးမှုကိုဝါးမျိုသွားတဲ့သွားတဲ့အခါကျ
တော့ယင်းလူနည်းစုတို့ရဲ့ယဉ်ကျေးမှုဟာအသီးသီးပျောက်ကွယ်သွားပြီး၊လူမျိုးပါပျောက်ကွယ်သွားတဲ့သာ
ဓကတွေ ယနေ့ကမ္ဘာမှာမြောက်များစွာရှိခဲ့ကြတာကိုတွေ့ရမှာဖြစ်ပါတယ်။

လူမျိုးတစ်မျိုးမှာအဓိကပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ယဉ်ကျေးမှုဆိုတာယနေ့နဲ့နှောင် ခေတ်လူငယ်များ
အထူးသတိထားသင့်ပါတယ်။ ယဉ်ကျေးမှုဆိုတဲ့စကားရပ်မှာလူမျိုးတစ်မျိုးရဲ့
၁.ပြောဆိုသည့်မိမိဘာသာစကား
၂.လူမျိုးတစ်မျိုးရဲ့စာပေ
၃.လူမျိုးတစ်မျိုးရဲ့ဝတ်စားဆင်ယင်ထုံးဖွဲ့မှု
၎.လူမျိုးတစ်မျိုးရဲ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့်

၅.လူမျိုးတစ်မျိုးရဲ့မူပိုင်အနုပညာသုခုမပညာနဲ့မူပိုင်တူရိယာအသုံးအဆောင်တို့ပဲဖြစ်ပါတယ်။
ထိုးငါးမျိုးသောအင်္ဂါရပ်သည်လူမျိုးတမျိုးရဲ့ယဉ်ကျေးမှုလို့ခေါ်ပါတယ်။ထိုးငါးမျိုးသောအင်္ဂါရပ်နှင့်ပြည့်စုံမှသာ
လျှင်လူမျိုးတစ်မျိုးရယ်လို့ခေါ်လို့သတ်မှတ်လို့ရပါတယ်။မိမိဘာသာစကားတစ်မျိုးသာတတ်ပြီးကျန်တဲ့စာပေ
ရိုးရာအနုသုခမ တွေမသိတော့ဘူးဆိုရင် ဒုက္ခိတ လို့ခေါ်ပါတယ်။ ဥပမာ ကျနော်တို့ကရင်လူမျိုးတွေလဲပဲ အလားတူကရင်ဒုတ္ခိတတွေအများအပြားရှိနေသလိုအသက်ရှင်လျက်သေနေတဲ့ကျနော်တို့ကရင်တွေလည်း
မြောက်များစွာရှိခဲ့တယ်ဆိုတာအထူးသိထားကြဖို့လိုအပ်ပါလိမ့်မယ်။

ဝမ်းနည်းမှာလား

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။
ဒါကို"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက်
ဝမ်းနည်းပက်လက်ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။
အသည်းကွဲသူက "ကျွန်တော့်ချစ်သူ
ကျွန်တော့်ကိုထားသွားလို့အရမ်း
ခံစားရနေတယ်" လို့ ပြန်ဖြေတယ်။
သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးကတဟားဟား အော်ရယ်ပြီး "မင်း
တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။
အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို
ဒေါသဖြစ်ပြီး"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို
မနှစ်သိမ့်တဲ့အပြင်ရီနေရသလား" လို့ ပြောတော့
"မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာမလိုဘူး။ ၀မ်းနည်းရမှာက
မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့လူတစ်ယောက်ကိုပဲ
မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကိုဆုံးရှုံးတဲ့အပြင်
လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ဆိုကရေးတီးက
ပြန်ဖြေခဲ့တယ်။

ယောက်ျားနဲ့မိန်းမ

လောကကြီး၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် ယောက်ျားကို ဖန်ဆင်းသည်။
ယောက်ျား၏ လိုအပ်မှုကြောင့် ဘုရားသခင်သည် မိန်းမကို ဖန်ဆင်းသည်။

ယောက်ျားလေးက မိန်းကလေးကို ချစ်မိလျှင် ကဗျာများရေးဖွဲ့ တတ်၏။
မိန်းကလေးက ယောက်ျားလေးကို ချစ်မိလျှင် စိတ်ကူးယဉ် အိပ်မက်မက်တတ်၏။

မိန်းကလေး၏ အကောင်းဆုံး ကိုယ်ပိုင် အရည်အချင်းမှာ ချွဲနွဲ့ခြင်းဖြစ်ပြီး
ယောက်ျားလေး၏ အရည်အချင်းမှာ လိမ်ညာခြင်း ဖြစ်သည်။

မိန်းကလေးအတွက် ကံကောင်းခြင်းမှာ "သူ ငါ့ကို တကယ်ချစ်ရှာသည်"ဟု
ယုံကြည်ခြင်းဖြစ်ပြီး ယောက်ျားလေးအတွက် ကံကောင်းခြင်းမှာ "သူ့ကို ချစ်ရတာ
ထိုက်တန်သည်" ဟု ထင်မြင်ခြင်း ဖြစ်သည်။

မိန်းကလေးတွင် ပြေပြစ်သော ရုပ်ရည်ရှိသင့်ပြီး ယောက်ျားလေးတွင်
ပြည့်စုံသော ဓနဥစ္စာရှိသင့်သည်။

မိန်းကလေးက ယောက်ျားလေးကို နမ်းခြင်းသည် စိတ်ကြည်နူးမှုဖြစ်ပြီး
ယောက်ျားလေးက မိန်းကလေးကို နမ်းခြင်းသည် တဏှာ ဖြစ်သည်။

မိန်းကလေးများ ထွက်ပေါက်ရှာလျှင် အိမ်ထောင် ပြုတတ်ကြပြီး
ယောက်ျားလေးများ ထွက်ပေါက်ရှာလျှင် ကွာရှင်းတတ်ကြသည်။

ပါးနပ်ထက်မြက်သော မိန်းကလေးများက သူ့ချစ်ကိုရှာပြီး အိမ်ထောင်ပြုတတ်ကြ၏။
တုံးအသော မိန်းကလေးများက ကိုယ့်ချစ်ကိုရှာပြီး အိမ်ထောင် ပြုတတ်ကြသည်။

ရည်းစားဖြစ်ချိန်တွင် ယောက်ျားလေးများသည် မိန်းကလေးများကို ကြင်နာတတ်ပြီး
အိမ်ထောင်ပြုပြီးချိန်တွင် ရက်စက်တတ်ကြသည်။

မိန်းမငယ်များသည် မျက်လုံးဖြင့် ယောက်ျားများကို ညို့စား တတ်ပြီး
မိန်းမကြီးများသည် မျက်ရည်များဖြင့် လှည့်စားတတ်သည်။

မိန်းကလေးများအတွက် ကျမ်းကျိန်ဆိုသော ယောက်ျားသည် ရယ်စရာကောင်း၍ ဥစ္စာ
ပစ္စည်းအရှာ တော်သော ယောက်ျားသည် ချစ်စရာကောင်းသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို
စိတ်ကုန်လာခြင်းဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည်
ယောက်ျားက သူ့ကိုမချစ်မှန်း သိလာခြင်းဖြစ်သည်။

မိန်းကလေးများ ယောက်ျားမယူဘဲ အပျိုကြီးအဖြစ် နေလျှင် နာတာရှည် ရှိသည်ဟု
ထင်ကြပြီး ယောက်ျားလေးများ မိန်းမ မယူဘဲ လူပျိုကြီး အဖြစ်နေလျှင်
စီးပွားလုပ်ငန်း ဖြင့် မအားလပ်ဟု ထင်ကြသည်။ (တကယ်တမ်း
ဆိုရလျှင်.....မိန်းကလေးများ အပျိုကြီး ဖြစ်နေခြင်းသည်
ယောက်ျားကောင်းများ မရှိသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ လူပျိုကြီး
ဖြစ်နေခြင်းသည် မိန်းကလေးများက ပြန်မချစ်သောကြောင့်ဖြစ်သည်။ )

မိန်းကလေးများသည် လောင်းကြေးကို အချစ်တွင် ပုံအပ်တတ်ကြပြီး
ယောက်ျားလေးများသည် လောင်းကြေးကို လက်ထပ်ခြင်းတွင် ပုံအပ်တတ်ကြသည်။

မိန်းကလေးများသည် မပြေလည်သော အိမ်ထောင်ရေးကို ခံနိုင်ရည်ရှိသော်လည်း
မပြေလည်သော အချစ်ရေးတွင် ခံနိုင်ရည် မရှိကြ။

ယောက်ျားလေးများသည် မပြေလည်သော အချစ်ရေးကို ခံနိုင်ရည် ရှိသော်လည်း
မပြေလည်သော အိမ်ထောင်ရေးကို ကိုယ်လွတ်ရုန်းချင်ကြသည်။

မိန်းကလေးများ လွမ်းဆွေးအားငယ်နေလျှင် ၀မ်းနည်းစရာ အချစ်ဇာတ်လမ်း
ရှိခဲ့ဖူးသောကြောင့်ဖြစ်ပြီး ယောက်ျားလေးများ စိတ်ပျက် စိတ်ညစ်နေလျှင်
အဆင်မပြေသော အိမ်ထောင်ရေးကြောင့်ဖြစ်သည်။

မိန်းကလေးများ နောက်အိမ်ထောင် ပြုခြင်းသည် မှားယွင်းမှုကို ရှာခြင်းဖြစ်ပြီး
ယောကျာ်းလေးများ နောက်အိမ်ထောင်ပြုခြင်းသည် ကံစမ်းခြင်းသာ ဖြစ်သည်။

မိန်းကလေးများက သူသည် ထိုယောက်ျားလေး၏ နောက်ဆုံးတယောက်အဖြင့်
မျှော်လင့်တတ်ကြပြီး ယောက်ျားလေးများက သူသည် ထိုမိန်းကလေး၏
ပထမဆုံးတစ်ယောက်အဖြင့် မျှော်လင့်တတ်ကြသည်။

ငါဘယ်သူလဲသိချင်ရင်ဖတ်ပေါ့

http://online မှ အခင်ရဆုံး သူငယ်ချင်း များထံသို့ ပို့စာ သင်ဆုံးအောင်ဖတ်ပါ မကြိုက်ရင်သိမ်းထား .................. ကြိုက်ရင်ထပ်မဖတ်နဲရူးသွားလိမ့်မယ်........... အမည်....နတ်လူမူန်း မွေရပ်....တလင်းပြင် ဆွေမျိုး....မရှိ ( တခြမ်းကြွက် ) မိန်မ...... ရှိတယ် (အရင်ဘဝ....မင်တုန်းမင်းဘဝက... အခုရှာနေတုန်း ) အသည်းနလုံး.....ပိုက်ဆံမရှိလို့ရောင်းစားလိုက်ပြီ တကျပ်ခွဲနဲ အရပ်အမောင်း.......လူရွင်တော် ချစ်စရာနဲကွက်တိ ကိုယ်အလေးချိန်......ဗီယာနန်ဝက် ၃နစ်သား နဲအချိန်တူ ရူပကါ....ပန်ချီဆရာငို ( ရူပ်ဆိုးလွန်းအားကြီးလို့ ) ပညာရ ည်ချင်း.....ဘုန်ကြီးကျောင်းနား ( အထဲမရောက်ခဲ့လို့ ) အားကစား....... ထုတ်ဆီးထိုး ဝါသနာ..........မိန့်မရှာ online ပေါ်မှာ ( မရမှန်သိလို ) ( လိမ်ကြမှန်သိလို့ ) အကြိုက်ဆုံးအစား...ငပိရည် (တခြားဝယ်မှမစားနိုင်တာ ) ချစ်ဆုံးနဲကြိက်ဆုံးလူ... ဘုန်ကြီး ( ဒေါ်စု ) မုန်းဆုံးလူ.....သန်းရွှေ နဲ အပေါင်းပါ ( စစ်သားအါးလုံးမဟုတ် ) အကြိုက်ဆုံစာရေဆရာနဲစာအုတ်...သေလွန်ပြီးလူနဲ မထွက်သေး သောစာအုတ်များ အကြိုက်ဆုံးသရုပ်ဆောင်နဲအဆိုတော်......သေလွန်ပြီးသောလူ နဲမမွေးသေးသောလူများ ကိုးကွယ်သိဘာသာ.....နတ်ပြည်အရင်ရောက်မည့်ဘာသာ မကြိုက်ဆုံးဘာသာ....ငရဲပြည်ပို့မည့်ဘာသာ အကြိုက်ဆုံးအရောင်.....မမြင်ရသော colour မကြိုက်ဆုံးသောအသုံးအဆောင်....ပိုက်ဆံ ( ဆင်းရဲလို့ ....လူ တွေကို တရားမဲ့အောင်လုပ်လို့ ) အကြိက်ဆုံးသောအသုံးအဆောင်...ပတီး ( စိတ်ပတီး..ဖြစ်နိုင်ရင် သမထလေးဘာလေး ) တော်ပြီ မျက်လုံးတွေညောင်းလာပြီ keyboard နဲရေးဒါဟုတ်ဘူး mouse control နဲရေးရဒါ ပိုသိချင်ရင်ဝယ်ဖတ် ( ဘိတကတ် ၃ ပုံ ) ဝယ်မဖတ် နိုင်ရင် ဖုန်းဆက် ....( ၉၁၁ ) စာရေသူ..........နတ်လူမူန်း ဆက်သွယ်ရန်.........no.( နတ်ပြည်) ( နိတ်ဗန် ) လမ်း ငရဲပြဲရပ်ကွက် မလေးရှားနိင်ငံ ရေးသားချိန်.... စိတ်ထဲရှိတဲ့အချိန် ပြီးဆုံးချိန်......mouse countrol နဲ့လက်နဲ့လွတ်လိုက်သည့်ချိန် ဘိုင် ဘိုင် ( တတာ )ချဲရိယို

အကြံပိုင်သောသူခိုး

ယမန်နေ့ညက ဖောက်ထွင်းခံရသော ဘဏ်တစ်ခုမှ ၀န်ထမ်းနှစ်ဦး လက်ဖက်ရည်ဆိုင်တွင် ခေါင်းချင်းရိုက်နေကြသည်။
ပထမလူ ။ ။ ငါတော့ အံ့သြလို့ မဆုံးဘူးဟေ့။ သူခိုးက မီးခံသေတ္တာတွေထဲက စိန် ၊ ရွှေ ၊ ငွေ ၊ ရတနာပစ္စည်းတွေအပြင် ဘာကြောင့်များ ဘဏ်မန်နေဂျာကြီးရဲ့ မိန်းမကြီးကိုပါ ခိုးသွားတာလဲ မသိဘူးနော်။
ဒုတိယလူ ။ ။ မင်းကလည်း... တော်တော် အ, တာပဲကွာ။ သူ့ကို ဘဏ်မန်နေဂျာကြီး လိုက်မရှာအောင်လို့ပေါ့ကွ။ ဘဏ်မန်နေဂျာကြီးက သူ့မိန်းမကြီးနဲ့ မပေါင်းချင်တော့ဘူး အော်နေတာ ကြာပြီလေ။

ဟာသလေးပါ

တခါတုန်းကမိသားစုတစ်စုရှိတယ်.ယောကျာ်းရယ် မိန်မရယ် သူတို့ရဲ.ကလေးတွေပေါ့.....ယောကျာ်း နဲ့ မိန်မ တိုင်ပင်တယ် "ငါတို့မှာ ကလေးတွေကြီးနေပြီဆိုတော့ သတိထားရတော့မယ် နောက်ဆိုရင် မင်းနဲ့ငါ အိပ်မယ်ဆိုရင် အ၀တ်လျှော်မယ်လို့ပြေားမယ်" ယောကျာ်း ဒီလိုပြေားတော့ မိန်မ က သ ဘော တူတယ်၊
ဒီလိုနဲ့နေလာလိုက်တာ တနေ့တော့ .ယောကျာ်းက က လေးတွေရှိတော့ " မိန်မရေ ဒို့တွေ အ၀တ်လျှော် ရ
အောင် " လို့ပြေားလိုက်တယ် ။ မိန်မ က မအိပ်ချင်တော့ " အ၀တ်လျှော်စက်ပြက်နေတယ် ယောကျာ်းရေ " လို့ ပြန်ပြေားလိုက်တယ် ဒါကိုယောကျာ်းက တင်းသွား သတဲ့ ဘားမှပြန် မ ပြေားပဲ မှတ်ထားလိုက် သတဲ့ .. . နောက်တစ်နေ့ ကြတော့ မိန်မ က သူလဲအိပ်ချင် သူ့ယောကျာ်းဒေါးကန်နေမှန်းလဲသိတော့ " ယောကျာ်းရေ အ၀တ်လျှော်မယ် ဆို အ၀တ်လျှော်စက် ကောင်းသွားပြီလေ " လို့ပြေားလိုက်တယ်.. အဲဒီမှာ ယောကျာ်း က ဘာပြေားလိုက်လဲဆိုတော့ " နေပေ့စေ ငါ့လက်နဲ့ငါလျှော်လိုက်ပီ " လို့ ပြန်ပြေားလိုက်သတဲ့ ..

အော် မိန်းမ. မိန်းမ.. မိန်းမ

တနည်းပြောရလျှင်

စကားက

ကျီးအာသိးအသွင်နှင့်

အဆင်းလှပေမယ့်

အချင်းကတော့

မသဒီစရာ

မုသားကိုသစ္စဖုံး

အပြုံးများဖြင့်ပလီ

နှလုံးသားကတော့

မတည်ကြည်နိုင်

သူတို့သိသော

အဘိဓမ္မာကျမ်းတွင်

ချစ်ခြင်းဟူသည်

စိတ်ကူးယဉ်အိမ်မက်

ငွေသာဘဝ

ဂုဏ်သာအဓိက

လှပသလောက်

ကြောက်စရာကောင်းပါတဲ့

အော် မိန်းမ. မိန်းမ.. မိန်းမ........

>>''အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။ အခန်းထဲတွင် မီးများကို ပိတ်ပြီး ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့ မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင် အတိကျနေသည်။ သူ၏ screen name မှာ (midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။ ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ ထိုစာကြောင်းလေးဖြစ်သည်။

>>"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"

ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။ ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြော တော့ မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

>>> "ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"


သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....

>>>"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
>>> "ဟား....သရဲဖြစ်ရတာပျော်လား"
>>> "ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
>>> "ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့ နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက
ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

>>> "ကျွန်မ အခုဘာလုပ်နေလဲ"

တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ် နေတတ်ပြီး.

>>> "တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
>>> "ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
>>> "ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"

တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့) ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့် သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့ chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊ မေ"၏ ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ သူစကားမပြောပေ။

>>> "ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
>>> "အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
>>> "ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
>>> "အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
>>> "ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
>>> "အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
>>> "ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင် ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။ လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင် တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ များလွန်းနေပြီ ဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန် ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ ဆက်ဆံမှုများက အေးစက်လာခဲ့သည်။ မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင် မေ" စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး သူနှင့်မေ"၏ ပုံပြင် ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု
ဖြစ်လာခဲ့သည်။

>>> "ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
>>> "ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
>>> "ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင် သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏ သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ ကြောက်မနေခြင်းပင်ဖြစ်သည်။

>>> "ခင်ဗျားက ထူးခြားတယ်"
>>> "ဘာဖြစ်လို့လဲ"
>>> "ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
>>> "ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"

သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။ မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။ ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။ ကျွန်မ ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက် ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာ ကို အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊ အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့် ထိုလူ့ ရုပ်ရှည်ကို ကျွန်မ ကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်း ပေါ်လာသည်။

>>> "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့် တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသောသူ့ကိုယ်သူ တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

>>> "တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"

ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။

>>> "ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား"

ကျွန်မ ထိန့်လန့်စွာ မေးလိုက်သည်။

>>> "ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
>>> "တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
>>> "ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ အိတ်ကပ်လေး နှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။ စားပွဲခုံပေါ်မှာခင်ဗျားသောက်နေ ကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။ ဖစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကိုခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကိုသူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီးသူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းကစောင့်ကြည့်နေပုံရသည်။ သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့် ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။ မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို ပန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။ တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို ပြန်သတိရမိသည်။

>>> "ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"

ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား.. တစ္ဆေတစ်ကောင် ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့ အပြုအမှုလဲနော်..

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ" ဆက်ဆံရေး ကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့် လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့် ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်" ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ.. ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။ သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီးကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့် အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက် ထားသော တစ္ဆေတစ်ကောင်ကို ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက် အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

>>> "တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"

သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ အများကြီးရှိသေးသည် မဟုတ်ပါလား..။

>>> "နည်းနည်းတော့ ကြောက်မိပါတယ်"

ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ မျှော်လင့်ချင်သေးသည်။

>>> "ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
>>> "အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။ တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
>>> "အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
>>> "အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပင်းပြင်းလေး ရှူသွင်းလိုက်မိသည်။
>>> "မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"
>>> "မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ မဖြစ်ခင် ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့ ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး လှည့်စားခဲ့တယ်"
>>> "ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"
>>> "သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင် ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့ ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့ တယ်။ သူ့ကို တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင် လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့ မေ့နေခဲ့သည်။

>>> "ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"
>>> "ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်"

ကျွန်မ ခေါင်းရမ်းရင်း ပြောလိုက်မိသည်။

>>> "ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"

မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကည့်လိုက်မိသည်။ ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို ဆုတ်ကိုင်းထားသည်ဟု ကျွန်မ မြင်ယောင်ကြည့်မိသည်။

>>> "ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့ မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို ကျွန်မခံစားမိသည်။

>>> "ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"

ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။

>>> "ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"
>>> "... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။ ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

>>> "ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက် အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။

>>> "တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"
>>> "တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေကဒီလိုပဲ လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော် အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"
>>> "နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"
>>> "နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။ လေးထောင့်အခန်း......... ခန္ဓာကိုယ်....

>>> "နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
>>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။ ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

>>> "ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ.လူလုပ်ရမှာ တော်တော်စိတ်ကုန်သွားပြီလား"
>>> "ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။ ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

>>> "မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

>>> "ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့် လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"
>>> "ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
>>> "ဟုတ်တယ်"
>>> "၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို မကြောက်ဘူးလား"
>>> "ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ ပြောလိုက်မိသည်။
>>> "အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။ ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့် သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

>>> "ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။ လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့ မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

>>> "ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။ ကျွန်တော့် ပြန်အလာကို စောင့်နေမလား"
>>> "ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင် ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။ သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။ ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

>>> "ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ် သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။ သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့ တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏ အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀

ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင် သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့် ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။ ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။
မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင် ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
ခြေအစံကို ရပ်လိုက်သည်။

>>> "ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍ ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ် အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။ ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

>>> "ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

>>> "ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
>>> "ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့် တူနေသည်။

>>> "ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
>>> "တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။

>>> "မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"

ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ် တွေ့ဆုံကြသည်။

ပြီး..

သက်မဲ့ပစ္စည်းတွေလောက်တော့ပျင်းတာပေါ့

တခါက အာဆီယံညီလာခံအပြီးမှာ စင်္ကာပူဝန်ကြီးချူပ်ရယ်.. မလေးဝန်ကြီးချုပ်ရယ်.. ကျွန်တော်တို့မြန်မာဝန်ကြီးချုပ်ရယ် စင်္ကာပူမြစ်ပေါ်မှာ အပန်းဖြေရင်း..
စင်္ကာပူဝန်ကြီးချုပ်က မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို ချောကလက်တွေကျွေး တယ်. ပြီးတော့ သူကမေးတယ်၊ ဘယ်လိုလဲ.. စားလို့ကောင်းလားတော့မေးတော့ မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကအရမ်းအရသာရှိတာပဲ.. စားလို့ ကောင်းတယ်လို့ပြန်ဖြေတယ်.. အဲဒီအချိန်မှာ စင်္ကာပူဝန်ကြီးချူပ်က ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီချောကလက်တွေကို မြစ်ထဲပစ်ချလိုက်တယ်.. အဲတော့ မလေးဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကပြောတာပေါ့.. နှမျောစရာကြီး..ဒီလောက်ကောင်း တာကို ဘာလို့လွှတ်ပစ်လိုက်တာလဲမေးတော့ စင်္ကာပူဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ချောကလက်တွေမှ အများ ကြီးပဲလို့ပြန်ဖြေတယ်..
ဒါနဲ့မလေးဝန်ကြီးကလည်း အားကျမခံ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကို သူတို့နိုင်ငံက ဒိန်ခဲတွေကျွေးပြန်ကော.. ပြီးတော့ သူကမေးတယ်.. ဘယ်လိုလဲ. စားလို့ကောင်းလားတော့မေးတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်က အရမ်း အရသာရှိတာပဲ.. စားလို့ကောင်းတယ်လို့ပြန်ဖြေတယ်.. အဲဒီအချိန်မှာ မလေးဝန်ကြီးချူပ်က ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီ ဒိန်ခဲတွေကို မြစ်ထဲပစ်ချလိုက်ပြန်ကော.. အဲတော့ စင်္ကာပူဝန်ကြီးချုပ်နဲ့ မြန်မာဝန်ကြီးချုပ်ကပြောတာပေါ့.. နှမျောစရာကြီး.. ဒီလောက်ကောင်းတာကို ဘာလို့လွှတ်ပစ်လိုက်တာလဲမေးတော့ မလေးဝန်ကြီးချုပ်က ကျွန်တော်တို့နိုင်ငံမှာ အဲဒီလို ဒိန်ခဲတွေ မှ အများကြီးပဲလို့ပြန်ဖြေတယ်..

နောက်ဆုံး ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်ကလည်းအားကျမခံ လှမ်းပြောလိုက်တယ်။ "ဟေ့ စစ်ဗိုလ်တယောက်လောက် လာခဲ့စမ်း" တဲ့.. စစ်ဗိုလ်လဲရောက်လာရော ဘာမပြော၊ ညာမပြောပဲနဲ့ အဲဒီစစ်ဗိုလ်ရဲ့ဂုတ်ကကိုင်ပြီး ရေထဲပစ်ချလိုက်တယ်။ အဲတော့ မလေးဝန်ကြီးချုပ်နဲ့ စင်္ကာပူဝန်ကြီးချုပ်ကပြောတာပေါ့.. ဟာ ..ဘာလို့အဲလိုလုပ်တာလဲပေါ့.. လူ့အသက်တချောင်း နှမြှောစရာကြီးပေါ့လို့ပြောတော့ ကျွန်တော်တို့ မြန်မာဝန်ကြီးချုပ်က ပြန်ပြောတာပေါ့.. ဟာ..ခင်ဗျားတို့က ဘာသိလို့လဲ.. ခင်ဗျားတို့နိုင်ငံတွေမှာ ချောကလက်တွေ၊ ဒိန်ခဲတွေပေါသလို.. ကျွန်တော်တို့နိုင်ငံမှာလည်း စစ်ဗိုလ်တွေပေါပါတယ်လို့ ပြန်ဖြေလိုက်တယ်..

ကောင်မလေးတစ်ယောက်အကြောင်း

ဟိုးရှေးရှေးတုန်းက ကောင်လေးတယောက်ရှိတယ်။ အဲဒီကောင်လေးက အထက်တန်ကျောင်းသားဆိုတော့ မနက်ကျောင်းသွား၊ နေ့လည်ဆို ကျူရှင်တက်၊ ညဘက်ဆို(၈)နာရီ၊ (၉)နာရီလောက်မှ အိမ်ပြန်လာရတယ်။ တနေ့ ညဘက် သူကျူရှင်က အပြန်လမ်းထိပ်က ဗံဒါပင်အောက်က အုတ်ခုံလေးမှာ ကောင်မလေးတယောက်ထိုင်နေတာကိုတွေ့ရတယ်။ ကောင်လေးက ဂရုမစိုက်ပဲ လမ်းထဲဆက်ဝင် လာတယ်။ ကောင်မလေးက သူ့ကိုရုတ်တရက် သူ့ကိုလှမ်းခေါ်လိုက်တော့ ကောင်လေးလည်း ကြောင်ပြီးတော့ ရပ်လိုက်တယ်။ ကောင်မ လေးက သူ့အနားလာပြီး တောင်းပန်တိုးလျှိုတဲ့ အသံနဲ့ "ငါကိုတခုလောက်ကူညီပါလားဟာ.. ငါအရမ်းဗိုက်ဆာနေတယ်တဲ့".. ကောင်လေး ကောင်မလေးကို တချက်အကဲခတ်ကြည့် တော့ ပုံစံကသန့်သန့်ပြန့်ပြန့်နဲ့၊ ရုပ်ကလေးကလည်း ခပ်ချောချောလေး၊ အသက်လည်းရွယ်တူ လောက်ဆိုတော့ ကောင်လေး ခပ်ရှိန်းရှိန်းဖြစ်သွားတယ်။ နောက်တော့မှ ကူညီလိုက်မယ်လို့ စဉ်းစားပြီး ပိုက်ဆံအိတ်ထဲက (၅၀၀)တန် တရွက်ထုတ်ပေးလိုက်တယ်။ ကောင်မလေးက မယူပဲ ခေါင်းငုံပြီးရပ်နေတော့ ကောင်လေးက ကောင်မလေးကိုရှက်လို့မယူတာထင်ပြီး ကောင်မ လေး လက်နားထိုးပေးတော့ ကောင်မလေးက "ငါကိုဝယ်ပေးပါလားတဲ့"။ အဲဒီတော့ ကောင်လေးက "ဘာလဲဟ" ဆိုပြီး ကြောင်စီစီဖြစ်သွားတယ်။ ပြီးတော့မထူးပါဘူးဆိုပြီး အအေးနဲ့ ပေါင်မုန့်သွားဝယ်ပေးလိုက်တယ်။ နောက်ကောင်မလေး ကိုပေးတယ်။ ကောင်မလေး အရမ်းဝမ်းသာသွားတယ်။ ကောင်လေးကိုကျေးဇူးတင်တဲ့ အနေနဲ့ တခြားလူတွေလို ဆုတွေမ ပေးပဲ ကောင်လေးကို တချက်ပြုံးပြလိုက်တယ်။ ကောင်လေး နည်းနည်းရင်ခုန်သွားပြီး ကြက်သီးတွေလည်းထသွားတယ်.. ပြီးတော့အိမ်ပြန်လာတယ်။ ကောင်လေးအိမ်ပြန်ရောက်တော့ အဲဒီအကြောင်းပဲတွေးနေရော။ နောက်နေ့ ကျူရှင်ပြန်လာ တော့ မနေ့ကတွေ့တဲ့နေရာလေးမှာပဲ ကောင်မလေးကိုပြန်တွေ့တယ်။ ကောင်မလေးက ကောင်လေးကိုမြင်တော့ လှမ်းခေါ်လိုက်တယ်။ ကောင်လေးက အစတော့မသိချင် ယောင်ဆောင်သွားဦးမလို့ပဲ၊ ဒါပေမယ့် ညဘက်ကြီး (၂)ရက်ဆက် တိုက်ကောင်မလေးကိုတွေ့ရတော့ စိတ်ဝင်စာပြီး ကောင်မလေး ဘေးမှာဝင်ထိုင်တယ်။ ကောင်လေးက ကောင်မလေးကို "ဗိုက်ဆာလို့လား"လို့မေးတော့ ကောင်မလေးက "ဟင့်အင်း.. စာပြီးပြီ"တဲ့.. ကောင်လေးက ကောင်မလေးကိုကြည့်ပြီး သနားသွားတယ်။ ပြီးတော့ "ညဘက်ကြီး တယောက်တည်း ဘာလုပ်နေတာလဲ၊ အိမ်မပြန် ဘူးလား၊ ဘယ်မှာနေလဲ"မေတော့ ကောင်မလေးက "အိမ်.. ဟုတ်လား..ဒါငါအိမ်ပေါ့" ဆိုပြီး သူထိုင်နေတဲ့ အုတ်ခုံလေးကို ပုတ်ပြတယ်။နောက် ကောင်လေးက သူ့ကိုယ်သူ မိတ်ဆက်တယ်.. သူဘယ်သူပါ.. ဘယ်မှာနေတယ်ပေါ့.. ဒါပေမယ့် ကောင်မလေးက ဘာမှပြန် မပြောဘူး။ နောက် တနေ့ကျတော့ ကောင်လေး ကျူရှင်ကပြန်လာပြီး ကောင်မလေးရှိဦးမလားဆိုပြီးသွားကြည့်တော့ ကောင်မလေးကို မတွေ့ ဘူး။ ကောင်မလေး သူ့အိမ်သူပြန်သွားတယ်ထင်ပြီး သူ့အိမ်ကိုပဲ ပြန်လာတယ်။ နောက်တနေ့ကျတော့ ကောင်လေးက ကောင်မ လေးကိုတွေ့ရင်လည်းကျွေးဖို့၊ မတွေ့ရင်လည်း ကိုယ်ဟာကိုယ်စားမယ်ဆိုပြီး အအေးတွေနဲ့ မုန့်တွေဝယ်သွားတယ်။ ကံကောင်းထောက်မ စွာနဲ့ပဲ ကောင်မလေးကို သူထိုင်နေကျ အုတ်ခုံလေးမှာတွေ့လိုက်တယ်။ ကောင်မလေးခေါ်စရာမလိုပဲ ကောင်မလေးဘေးနားမှာ သွားကပ် ထိုက်လိုက်တယ်။ ပြီးတော.. ကောင်မလေးကို "မနေ့က နင်ဘယ်သွားတာလည်း" ဆိုပြီးမေးလိုက်တယ်။ ကောင်မလေးက ငါဘယ်မှ မသွားပါဘူး။ ဒီမှာပဲရှိပါတယ်လို့ပြောတော့ ကောင်လေးက မဟုတ်ပါဘူး၊ ဒီမှာ နင်မရှိပါဘူးလို့ပြောတော့.. ကောင်မလေးက ရှိပါတယ်.. နင်မမြင်လို့ပါဆိုပြီး ခပ်ဆတ်ဆတ်ဖြေတော့မှ ကောင်လေး ဘာမှဆက်မပြောဘဲ ပါလာတဲ့မုန့်တွေ အတူတူစားကြကော... ဒီလိုနဲ့ (၁)ပတ်၊ (၂)ပတ်၊ နောက် (၁)လ၊ (၂) လနဲ့ ကောင်လေးနဲ့ ကောင်မလေး အရမ်းကို ခင်မင်သွားကြတယ်။ ကောင်လေးကျူရှင်ကပြန်ရင် ကောင်မ လေးနဲ့တွေ့ စကားပြော.. ကျူရှင်မရှိလဲ အကြောင်းရှာ.. လမ်းထိပ်ထွက်.. ကောင်မလေးနဲ့တွေ့.. ကြာတော့ ကောင်လေးက ကောင်မလေး ကို ကြိတ်ခိုက်နေလေရဲ့.. ကောင်လေးက ကာင်မလေးအကြောင်းကိုမေးတယ်..နာမည်ကလွဲလို့ တခြားဘာမှမသိရရှာဘူး။ အထူးသဖြင့် xxxxxx ... ဒီနေ့ ကောင်လေး ကောင်မလေးကို ချစ်တယ်လို့ ဖွင့်ပြောဖို့ကြံစည်ထားတယ်။ ထုံးစံအတိုင်း ပေါင်မုန့်တွေ အအေးတွေ ၀ယ်သွားတယ်။ နောက်ကောင်မလေးကိုတွေ့တော့ ချစ်တယ်လို့ ဖွင့်ပြောလိုက်တယ်။ အဲတော့ ကောင်မလေးက ကောင်လေးကို ကြည့်ပြီး နင်ငါကို ချစ်တယ် ဟုတ်လား.. နင်ငါ့အကြောင်း ဘယ်လောက်သိလို့လဲ.. လို့ ကောင်လေးကိုမေးတယ်.. ပြီးတော့ ကောင်လေးလက်ကို ကိုင်ပြီး ငါဘယ်သူလဲဆိုတာသိလို့လားတဲ့.. ကောင်လေးက ဘာမှမပြော ပဲနဲ့ သူရင်ထဲက ခံစာချက်တွေကို သီချင်းတပုဒ် လက်တန်းအန် ချလိုက်တယ်… ကောင်မလေး ကတော့ ဘာမှပြန်မပြောရှာဘူး.. ဒါနဲ့ ကောင်လေးလဲ ဘာမှပြန်မပြောရှာပဲနဲ့ မုန့်ကိုပဲကုန် အောင်စားပြီး ပြန်သွားရှာတယ်။ နောက်တနေ့ကျတော့ ကောင်လေးကျူရှင် မသွားရတော့ဘူး.ကျူရှင်လည်း ပိတ်သွားပြီ.. စာမေးပွဲလည်းနီးလာတော့ စာတွေကျက်နေတာနဲ့ ကောင်မလေး ကို ခဏမေ့သွားတယ်.. စာမေးပွဲလည်းပြီးသွားရော ကောင်မလေးဆီ အပြေးသွားတယ်.. ကောင်မ လေးကတော့သူ့နေရာမှာပဲ.. ကောင်လေး ကောင်မလေးဘေးနားကို ၀င်ထိုင်တော့ ကောင်မလေးက ကောင်လေးကို နင်တော်တော် အလုပ်မဟုတ်တာပဲလို့ပြောတယ်.. အဲဒီတော့ ကောင်လေးက ငါစာမေးဖြေနေလို့ပါလို့ အစရှိပြီး ပြန်ချော့လိုက်တာ ကောင်မလေးက နည်းနည်းပြုံးသွားတယ်… အဲတော့ ကောင်လေးက အစမရှိ အဆုံးမရှိနဲ့ နင်ငါပြောတာ ဘယ်လိုလဲလို့ မေးလိုက်တယ်.. ကောင်လေးက နင်ကိုငါချစ်နေတာကြာပြီဆိုပြီး သူ့ရင်ထဲက ခံစားချက်တွေကို ဒုတိယအကြိမ် ဖွင့်ဟပြောလိုက်တယ်.. အဲတော့ ကောင်မလေးက အဟိ ဆိုပြီး ထရယ်လိုက်တယ်.. ကောင်လေးက ဘာလို့ရယ်တာလဲဆိုမေးတော့ ကောင်မလေးက အဲဒါတွေက နင်ငါကို အရင်တခေါက်က ပြောပြီးသားတွေမဟုတ်လား.. နင်တော်တော်ကိုတွေး တတ်တာပဲဆိုပြီး နောက်တယ်.. ကောင်လေးက ငါနင့်ပေါ်မှာထားတာတွေက အရင်ကလည်း ဒီအတိုင်းပဲ အခုလည်း ဒီအတိုင်းပဲ.. နောက်လည်းဘယ်တော့မှ မပြောင်းဘူးလို့ ပြောလိုက်တယ်.. နောက်တွေ့တိုင်းလည်း ဒီအတိုင်းပဲ ထပ်ပြောမှာပဲလို့ ပြောလိုက်တယ်.. ဒီတော့ ကောင်မလေးက သက်ပြင်းရှည်ကြီးတချက်ချလိုက်တယ်.. ဘာမှမပြောပဲ အဝေး ကြီး ကို တချက်ငေးကြည့်ပြီး ကောင်လေးဘက်ကိုကြည့်ပြီး နင်မနက်ဖြန်ကို ဒီကိုလာဖြစ်အောင်လာခဲ့ အဲကျရင် ငါနင့်အပေါ်ထားတဲ့ ခံစားချက်တွေကော.. နင်အရမ်းသိချင်တဲ့ အကြောင်းကိုပါပြောပြမယ်တဲ့ .. ကောင်လေးပျော်သွားတယ်.. အရမ်းပျော်သွားတယ်.. နောက်နေ့ကောင်လေး ပေါင်မုန့်နဲ့ အအေးတွေဝယ်သွားပြီး ဗံဒါပင်အောက်မှာသွားစောင့်နေတယ်… ကောင်မလေးမရှိဘူး.. ကောင်မလေး မလာသေးတာပဲဆိုပြီး စောင့်နေတယ်.. ခဏကြာတော့ကောင်လေးခေါင်းပေါ်က သစ်ရွက်လှုပ်သံကြားတယ်.. အိပ်တန်းတက်နေတဲ့ ငှက်တွေပဲထင်ပြီး ဒီအတိုင်းပဲ နေလိုက်တယ်.. ခဏကြာတော့ထပ်ကြားရပြန်တယ်.. ကောင်လေးက ဘာတုန်းဆိုပြီး လှည့်ကြည့်လိုက် တော့ ကောင်မလေး သစ်ပင်ပေါ်က ဆင်းလာတာဖြစ်နေတယ်.. ကောင်လေးက ကောင်မလေး မကြီးမငယ်နဲ့ သစ်ပင်ပေါ်တက်ဆော့ တယ်ဆိုပြီးနောက်တယ်..ကောင်မလေးက ဘာမှပြန်မပြောပဲနဲ့ ထိုင်ခုံမှာ ၀င်ထိုင်လိုက်တယ်… ပြီးတော့ကောင်မလေးက ကောင်လေးကို နင်သေချာနား ထောင်တဲ့.. ငါလည်းနင့်ကိုချစ်ပါတယ်တဲ့.. ဒါပေမယ့် နင်နဲ့ငါက လုံးဝမဖြစ်နိုင်ဘူးတဲ့.. ငါလည်း နင့်ဘေးမှာ တသက်လုံး နေချင်ပါတယ်တဲ့… ဒါပေမယ့် ငါဘ၀ တသက်က ပါသွားပြီတဲ့.. ကောင်လေးအစကတော့ရုတ်တရက်ပျော်သွားပြီး နောက်တော့ကောင်မ လေး ဘာတေါပြောနေမှန်းမသိဘူးဖြစ်သွားတယ်.. ဒါပေမယ့်ဖြစ်ချင်ရာဖြစ်ဆိုပြီး ကောင်မလေးလက် ကိုလှမ်းကိုင်တယ်.. အေးစက်နေ တာပဲ.. နင်ဘာကိုဆိုလိုတာလဲလို့ ကောင်လေးကမေးတော့ ကောင်မလေးက နင်နဲ့ ငါနဲ့ ဘ၀ခြားသွားပြီ.. နင်ကလူ.. ငါက xxxx ။ ကောင်လေးမတ်တတ် ရပ်လိုက်တယ်။ ကောင်မလေးလည်းလိုက်ရပ်တယ်.. လမ်းမီးရောင်အောက်မှာကောင်လေး တွေ့သွားတယ်.. ကောင်မလေးမှာ အရိပ်မရှိဘူးဆိုတာ… ကောင်လေးအိမ်ပြန်ပြေးသွားတယ်.. ကောင်မလေးကတော့ ထိုင်နေကြနေရာလေးမှာ ငိုကျန် နေခဲ့တယ်.. ကောင်လေး သူ့အဖြစ်ကို မယုံနိုင်ဘူးဖြစ်နေတယ်.. ခဏခဏ သူ့ကိုယ်သူ ဆိတ်ဆွဲကြည့်တယ်.. တွေးမိတိုင်းလည်း ကြက်သီထနေတုန်းပဲ.. (၁)ပတ်၊ (၂)ပတ်ကြာတော့ ကောင်လေးမနေနိုင်တော့ဘူး.. ကောင်မလေးကို အရမ်းသတိရလာတယ်.. အရမ်း တွေ့ချင်လာတယ်.. ဘာလို့လဲဆိုတော့ ကောင်လေးက ကောင်မလေးကို အရမ်းကိုချစ်နေမိလို့ပဲ.. နောက်နေ့ ကောင်လေး ခပ်လန့် လန့်နဲ့ပဲ လမ်းထိပ်ကိုထွက်လာခဲ့တယ်.. ကောင်မလေးက ကောင်လေးကိုလည်းတွေ့ရော ထပြီး နင်ငါ့ဆီလာတယ်. ဟုတ်လား.. ဆိုပြီး ၀မ်းသာအားရနဲ့ပြောတယ်.. ပြီးတော့ မျက်ရည်တွေနဲ့.. ကောင်လေးကလည်း ကောင်မလေးကို ဖက်ပြီး နင့်ကိုငါ အရမ်းချစ်တယ်ဟာ.. နင်ကိုငါ ဘယ်လိုမှမေ့လို့မရဘူးဆိုပြီး.. အရင်ကပြောခဲ့တာတွေကို ပြန်ပြောပြတယ်.. ကောင်မလေးကလည်း ငါလည်း အဲဒီလိုပါပဲဟာ.. နင့်ကိုငါ အရမ်းချစ်တယ် သိလားတဲ့.. ပြီးတော့ နင်တော်တော် ကတိတည်တဲ့ကောင်ပဲတဲ့.. ကောင်လေးက ဘာကိုဆိုလိုမှန်းသိပြီး ကောင်မလေးကို ငါပြောပြီးသားပဲ.. နင့်ကိုငါချစ်တာဘယ်တော့မှ မပြောင်းပါဘူးလို့ ဆိုပြီးကောင်မလေးကို မရဲတရဲ လှမ်းဖက်တယ်.. ကောင်မလေးကလည်း အလိုက်တသိနဲ့ ကောင်လေးရင်ခွင်ထဲကိုတိုးဝင်လိုက်တယ်.. ကောင်မလေးတကိုယ်လုံး အေးနေတော့ ကောင်လေးလဲ ချမ်းစိမ့်စိမ့်ဖြစ်လာတာပေါ့.. အဲဒါကိုကောင်မလေးက ရိပ်မိပြီး ချမ်းနေလားဟင်လို့မေးတော့ ကောင်လေးက နဲနဲလို့ ဖြေလိုက်တယ်.. ကောင်မလေးက ကောင်လေးကို xxxx လိုက်တယ်.. ပြီတော့ ချမ်းတုန်းလားဟင် လို့ရယ်ကျဲကျဲနဲ့မေးလိုက်တယ် ကောင်လေးရင်ခုန်နှုန်း မတရားမြန်လာပြီး ဟင့်အင်း ဆိုတဲ့စကားတွေတောင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်သွားတယ်.. ကောင်မလေးက အဲဒါ ကိုကြည့်ပြီး ရယ်လေရဲ့.. (၁၅)မိနစ်လောက်ကြာတော့ ကောင်မလေးက တည်တည်ငြိမ်ငြိမ်အသံနဲ့ နင်ငါကိုတကယ်ချစ်တယ်ဆိုရင် ငါ့အတွက် ဘုရား မှာ ကုသိုလ်လုပ်ပေးပါဟာ.. ငါဒီဘ၀က မြန်မြန်ကျွတ်ချင်တယ်လို့ပြောတယ်.. ကောင်လေးက ခဏစဉ်းစားပြီး ဒါတော့ ဆောရီးဟာ. ငါမလုပ်ပေးနိုင်ဘူး.. ငါအဲလိုလုပ်ပေးလိုက်ရင် နင်နဲ့ ငါနဲ့ ထာဝရဝေးရမှာ.. ငါနင့်ကို မခွဲနိုင်ဘူး… ဖြစ်နိုင်ရင် ငါလည်းနင်နဲ့ အတူလာနေချင်တယ်တဲ့.. နောက်တနေ့ ကောင်လေးသူ့သူငယ်ချင်းတွေနဲ့ သွားတွေ့တယ်။ ပြီးတော့နှုတ်ဆက်တယ်.. ညနေရောက်တော့ သူ့အဖေ၊ အမေတွေနဲ့ စကားထိုင်ပြောတယ်.. ပြီးတော့ မကြားတကြား သူ့ ကိုခွင့်လွတ်ပါလို့ပြောလိုက်တယ်.. ညရောက်တော့ လမ်းထိပ် ထွက်လာတယ်.. ကောင်မလေး ကထိုင်နေကြနေရာမှာပဲ.. ကောင်လေးဆက်ထွက်လာတယ်.. လမ်းမကြီးပေါ်ရောင်ခါနီးမှာရပ် လိုက်တယ်.. ကောင်မလေးလှမ်းကြည့်နေတယ်.. ကားတွေက မီးပွိုင့်လွှတ်လို့ ဒလဟော မောင်းလာကြတယ်… ကောင်လေးကားလမ်းမ ပေါ်ပြေးတက်သွားတယ်.. ကောင်မလေးက တော့ စူးစူးဝါးဝါး တခုထအော်တယ်.. အဲလိုမလုပ်နဲ့တဲ့…. ဒါပေမယ့် @#$%^&*
ကောင်မလေးငိုနေတယ်.. ထိုင်နေကြခုံလေးမှာထိုင်နေတုန်းပဲ.. လမ်းမပေါ်မှာတော့ လူတွေ၊ ကားတွေ၊ အော်သံတွေ၊ လူနာတင်ယာဉ် အချက်ပေးသံတွေ ဆူညံနေတာပဲ… ကောင်မလေး ဘေးကို အရာတခုရွေ့လာတယ်.. ကောင်မလေးမော့ကြည့်လိုက်တော့ ကောင်လေး ဖြစ်နေတယ်.. အခုလည်း ကောင်လေးလည်း ကောင်မလေးလိုပဲ အရိပ်မရှိဘူး. ကောင်မလေး အရမ်းပျော်သွားပြီး ကောင်လေးကို လှမ်းဖက်မလို့လုပ်တော့ ကောင်လေးက ငါ့တူမကြည့်ရတာ တော်တော်ချမ်းနေပုံပဲနော်ဆိုပြီး xxxxxx ။ အဲဒီညက သူတို့လျှောက်လည် ကြတယ်.. နောက်နေ့ညကျတော့ ကောင်လေးနဲ့ကောင်မလေးထိုင်နေကျနေရာလေးမှာထိုင်ပြီး ဖြတ်သွားတဲ့ကားတွေကိုထိုင်ရေနေတယ်.. ရုတ်တရက် မြင်းဟီသံကြားလိုက်ရတယ်.. ပြီးတော့ မြင်းဖြူ (၃)ကောင်၊ မြင်းမည်း (၃)ကောင်ဆွဲတဲ့ ရထားတစင်း ကောင်လေးတို့ရှေ့ကို ရွေ့လာတယ်.. နောက်တော့ အဲဒီပေါ်က နတ်သားလိုလို၊ ငရဲသားလိုလို တစ်ယောက်ဆင်း လာပြီးတော့ ကောင်မလေးနားကပ်ပြီး တခုခုပြောလိုက်တယ်.. ကောင်မလေးရုတ်တရက် မျက်နှာဝင်းလဲ့သွားပြီး ချက်ချင်းအိုကျသွားတယ်.. နောက်တော့ကောင်မလေးက ခဏနော်ဆိုပြီး ကောင်လေးနားလာတယ်.. ပြီးတော့ ငါသွားရတော့မယ်.. ငါဘာလို့ အရင်ဘ၀က အကုသိုလ်များများမလုပ်ခဲ့တာလည်း မသိဘူး.. လုပ်ခဲ့ရင် ငါနင်နဲ့ အကြာကြီးနေရမှာဆိုပြီး ကောင်လေးကိုဖက်ပြီးငိုတယ်.. ကောင်လေးက ၀မ်းနည်းလွန်းလို့ ဘာပြောရမှန်းကိုမသိအောင်ဖြစ်နေတယ်.. ကောင်မလေးက နောက်ဆိုငါမရှိလဲ နွေးနွေ ထွေးထွေးနေနော်ဆိုပြီး xxxxx … မျက်ရည် စက်လက်နဲ့ ရထားပေါ်တက်သွားတယ်.. ကောင်လေးချက်ချင်ပဲ နတ်သားလိုလို ငရဲသားလိုလို လူဆီသွားပြီး ခဏလေးဗျာ.. ကျွန်တော် ကောဘယ်တော့ သွားရမှာလဲလို့ ကတိုက်ကရိုက်နဲ့မေးလိုက်တယ်.. အဲဒီလူကြီးက သူ့ကို နာမည်ရယ်၊ xxxxx ဖြစ်တဲ့နေ့ကိုပြောကြည့်စမ်း ဆိုပြီး လက်ထဲက ပေမှာငုံရှာတယ်.. ပြီတော့ အဲလူကြီးက ကောင်လေးကို မင်တော်တော်မိုက်တယ်ကွာဆိုပြီး မင်က (၄၉၉)ဘ၀ စောင့်ရဦးမယ်တဲ့ ဆိုပြီးရထားပေါ်တက်ပြီးမောင်းထွက်သွားတယ်.. ကောင်လေးက အခုကောင်မလေး နေရာမှာဝင်ထိုင်လိုက်တယ်.. ဒီလိုနဲ့ (၁)ပတ်၊ (၂)ပတ်၊ (၁)လ၊ (၂)လ၊ (၁)နှစ်၊ (၂)နှစ်… ကောင်လေးကောင်မလေးထိုင်နေကျနေရာလေးမှာ ထိုင်ပြီး ကောင်မလေး ပြန်လာလို ပြန်လာငြာနဲ့ပေါ့ ထိုင်စောင့်နေလေရဲ့……..

USB မှဗိုင်းရပ်စ် ကင်းဝေးစေရေး

USB တပ်လိုက်တာ ကွန်ပျူတာကို ဗိုင်းရပ်ကဒုက္ခပေးတက်ပါတယ်။ဘာလို့လည်းဆိုတော့

ကျွန်တော်တို့က Autoplay ကိုဖြုတ်မထားလို့ပါ။USB တပ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာ

ကိုတန်းဝင်နိုင်ပါတယ်။ဒါကြောင့် USB ကို virus အရင်စစ်သင့်ပါတယ်။ပြီးမှဖွင့်သင့်ပါတယ်။


Autoplay ဖြုတ်နည်းလေးကတော့

Run >>gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ Group Policy box ကျလာပါ့မယ်။

အဲဒီမှာ Cmputer configuration ရယ် User configuration ဆိုပြီးတွေ့ပါလိမ့်မယ်။

(၁) Computer configuration >>administrative templates >>system သွားပါ။

System ကို click ပေးလိုက်ရင် ညာဖက်မှာ turn off autoplay ဆိုတာကို

Double click ပေးလိုက်ပါ။ enable >>apply>> ok.

(၂) user configuration >> administrative templates >>system သွားပါ။

System ကို click ပေးလိုက်ရင် ညာဖက်မှာ turn off autoplay ဆိုတာကို

Double click ပေးလိုက်ပါ။ enable >>apply>> ok.

ဒါဆိုရင် USB ကနေ virus အလွယ်တစ်ကူမ၀င်နိုင်တော့ပါဘူး။

Cbox မှာနောက်ခံပုံလေးတွေထည့်ချင်ရင်

ပထမဆုံးလုပ်ရမှာက ကိုယ်တင်မဲ့ပုံကို picture manager နဲ့ width တို့ height တို့ကို
Cbox size နဲ့ချိန်ပေးပါ။ edit picture နဲ့လုပ်လို့ရပါတယ်။ပြီးရင် ပုံကို http://img1.uploadhouse.com မှာတင်လိုက်ပါ။ အဲဒီမှာ image URL ကို copy လုပ်ပါ။ပြီးရင် wp-content>>themes>>your themes>>style.css မှာ ဒီဟာလေးထည့်လိုက်ပါ။ကျွန်တော်ကတော့ ဇော်ဂျီ font ကြေငြာထားတာလေးရဲ့အပေါ်မှာပဲထည့်လိုက်တာပါ။

#cboxmain{
background:url(http://img1.uploadhouse.com/fileuploads/2585/25855415cf78817d84d27812aa6517040c24b38.png) no-repeat;
}
#cboxform{
background:url(http://img1.uploadhouse.com/fileuploads/2585/25855415cf78817d84d27812aa6517040c24b38.png) no-repeat;
}

ထည့်ပြီးရင်တော့ ကိုယ့် Cbox ကိုပြင်ရပါ့မယ်။ Cbox ထဲကို Login ၀င်ပါ. Color & Fonts ဆိုတာကို သွားပါ. ပြီးရင် Main BG နဲ့ Alt BG ကို Blank ထားလိုက်ပါ. Apply Button ကို နှိပ်ပါ. ကိုယ်တင်မဲ့ပုံပေါ်အောင်လို့ နောက်ခံကိုပြင်တာပါ။ ပုံတင်ရင် Cbox စာသားတွေ
အရောင်ပျော့သွားတက်ပါတယ်။အဲဒါကြောင့်တစ်ခါတည်း စာသားအရောင်ပါခပ်ရင့်ရင့်လေး
ပြောင်းခဲ့ပါ။နောက်တစ်ခုက Cbox မှာ link လေးတွေရေးတဲ့အခါလည်း ရှိပါတယ်။အဲဒီလင့်
အရောင်ကလည်းသက်သက်ပြင်ရပါတယ်။ကိုယ်ကြိုက်တာပြင်နိုင်ပါတယ်။အားလုံးပျော်ရွှင်
နိုင်ပါစေ။

ကရင်အပစ်အခတ်ရပ်အဖွဲ့များကေအန်ယူနှင့်လာရောက်ပူးပေါင်း

ဘုရားသုံးဆူအခြေစိုက် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ကေပီအက်ဖ်) ၏ အမှတ် (၃) တပ်ရင်းမှူးအပါအဝင် အဖွဲ့ဝင်အချို့နှင့် နယ်စပ်အခြေစိုက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် (၁၂) ဦးတို့သည် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ထံ ပြီးခဲ့သည့်နှစ်ရက်က လာရောက် ပူးပေါင်းခဲ့ကြကြောင်း သိရသည်။

ကေပီအက်ဖ် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောလေးဝါးနှင့် အဖွဲ့ဝင် (၈) ဦးတို့က ဇူလိုင် (၈) ရက် ည (၇) နာရီခွဲအချိန်၌ ဇမိချောင်းရှိ ၎င်းတို့၏ လှေဂိတ်အခွန်ဂိတ် သက်ကယ်ဂိတ်မှတဆင့် ကေအန်ယူ လက်အောက်ရှိ ကေအန်အယ်လ်အေ တပ်မဟာ (၆) သို့ လက်နက်အပြည့်အစုံဖြင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း ကေအန်ယူနှင့် နီးစပ်သည့် စီးပွားရေးသမားတဦးက ပြောသည်။
ကေပီအက်ဖ်အဖွဲ့မှ ထိုသို့သွားရောက်ပူးပေါင်းပြီး နောက်တနာရီဝန်းကျင်တွင် ဒီကေဘီအေ အမှတ် (၉၀၁) တပ်ရင်းမှ ဗိုလ်ကြီး အေဝမ်းအဖွဲ့မှ မဲကသာရှိ ကေအန်ယူ ကင်းစခန်းရှိရာသို့ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

၎င်းက “ကေပီအက်ဖ်အဖွဲ့က ဗိုလ်လေးဝါးအဖွဲ့ ထွက်သွားပြီးနောက် (၁) နာရီလောက်မှာ ဒီကေဘီအေအဖွဲ့က ဗိုလ်ကြီး အေဝမ်း အောက်က အင်အား (၁၂) ယောက်ကလည်း (၉၀၁) တပ်ရင်း တပ်ခွဲ (၁) ကနေ ထွက်ပြေးသွားတယ်။ အဲဒါ ဗိုလ်ကြီးအေဝမ်းက သူ့လက်အောက်တပ်တွေ ထွက်ပြေးသွားတာကို လိုက်ရင်းနဲ့ ကေအန်ယူ နေ့ကင်းရှိတဲ့နေရာကို အမြောက်နဲ့ပစ်တာ၊ ကေအန်ယူဘက်က ပြန်ပစ်ခတ်တာတော့ မရှိခဲ့ဘူး။ ထွက်ပြေးသွားတဲ့ လူတွေကလည်း အခု တပ်မဟာ (၆) လက်အောက် နယ်မြေတနေရာကို ရောက်နေပြီ” ဟု ခေတ်ပြိုင်သို့ ယနေ့ ပြောကြားသည်။

ကေအန်ယူ တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက ဒီကေဘီအေအဖွဲ့မှ (၁၀) ယောက်ကျော် အင်အားရှိသည့် အဖွဲ့က ကေအန်ယူထံ လာရောက်ပူးပေါင်းသည့် သတင်းကို အတည်ပြုပြောကြားခဲ့သော်လည်း ကေပီအက်ဖ်အဖွဲ့မှ ဒု-ဗိုလ်မှူးကြီး လေးဝါး ကေအန်ယူထံ ရောက်ရှိနေသည့်သတင်းအား တပ်မဟာ (၆) ဗျူဟာမှူးထံမှ အတည်ပြုချက် မရရှိသေးဟု ပြောသည်။

ကေပီအက်ဖ် တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောလေးဝါးသည် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက နေပြည်တော်သို့ သွားရောက်ခဲ့သေး ကြောင်းနှင့် ကေအန်အယ်အေ တပ်မဟာ (၆) ကို နောက်ထပ် စစ်ရေးဆင်နွှဲရာတွင် နအဖစစ်အစိုးရဘက်မှ ပါဝင်ပူးပေါင်းပေးရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ကေပီအက်ဖ်အား ဖိအားပေးမှုများ ရှိနေကြောင်း အပစ်ရပ်အဖွဲ့အသိုင်းအ၀ိုင်းမှ သိရသည်။

ကေပီအက်ဖ် ခေါ် ဟောင်သရော ကရင်ငြိမ်းချမ်းရေးအဖွဲ့သည် စောသမူဟဲအဖွဲ့မှ ၁၉၉၇ ခုနှစ်က ခွဲထွက်ခဲ့ပြီး ထိုနှစ်တွင်ပင် စစ်အစိုးရထံ လက်နက်ချထားသည့် အဖွဲ့တဖွဲ့ဖြစ်သည်။

ယခုအခါ ဘုရားသုံးဆူမြို့တဝိုက်တွင် ကျန်ရှိနေသည့် ကေပီအက်ဖ် တပ်ဖွဲ့အင်အား (၃၀) ကျော်တို့သည် ဦးဆောင်သူ မရှိသည့် အခြေအနေသို့ရောက်ရှိနေပြီး ၎င်းတို့အပေါ် နအဖတပ်ဖွဲ့က တစုံတရာ လုပ်ဆောင်လာမည်ကို စိုးရိမ်နေကြကြောင်း ကေပီအက်ဖ်အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ကျနော့်တို့အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်မှူးကြီး မရှိတော့ ဒီမှာ ဘယ်လိုဆက်သွားမလဲ မသိသေးဘူး။ စောလေးဝါးရဲ့ လက်အောက်က ဗိုလ်လေးဝင်းကလည်း အခု မုဒုံမြို့ဘက်ကို ရောက်နေတယ်။ ဒါကြောင့် နအဖဘက်က ကျနော်တို့ကို တခုခု အရေးယူတာမျိုးလုပ်မှာ ကျနော်တို့ ကြောက်နေကြတယ်။ ကျနော်တို့က အခု မလုံခြုံတော့သလို ခံစားနေရတယ်” ဟု ပြောသည်။

ဘုရားသုံးဆူဒေသတဝိုက်ရှိ ဇမိချောင်း သက်ကယ်လှေဂိတ်မှအပ ကျန်သည့် မြို့ပေါ်အခွန်ဂိတ် (၄) ခုနှင့် ချောင်းဆုံလှေဂိတ် တို့မှာ ဆက်လက်ဖွင့်လှစ်ထားဆဲ ဖြစ်သည်။